မေတ္တာရပ်ခံချက်

ကျွန်တော် သိရှိနားလည်ထားသော အကြောင်းအရာများအား မသိသေးသော လူများအတွက် သိရှိနားလည်၍ အထောက်အကူ ဖြစ်စေရန်၊ သိရှိနားလည်ပြီးသော လူများအတွက် Revision ဖြစ်စေရန် ရည်ရွယ်၍ ရေးသား ဖော်ပြပေးခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ အရေးအသားထဲတွင် အမှားများပါပါက ပြင်ဆင်ဖတ်ရှု့ ပေးပါရန်နှင့် အမှားအား ထောက်ပြခြင်းများကို လုပ်ဆောင်ပေးပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။

Sunday, April 27, 2008

Default Shares တွေကို ပိတ်ထားခြင်းဖြင့် အ Hack မခံရအောင် ကာကွယ်ခြင်း

Computer လေ့လာနေသော လူတစ်ယောက်အတွက် မိမိ Computer အား လုံခြုံမူ့ရှိစေရန် လုပ်ဆောင်ရန်မှာ သိသင့်သော ၊ အရေးကြီးသော အချက်တစ်ချက် ဖြစ်ပါသည်။ Defaults Shares တွေကို ဘယ်လို ဘယ်နည်းနဲ့ ပိတ်ရတယ်ဆိုတာကို ကျွန်တော်နှင့်အတူ လိုက်လုပ်ပြီး သင့်ရဲ့ Computer အား လုံခြုံမူ့ရှိစေရန် လုပ်ဆောင်ပါ။

၁။ Start – Run – regedit ဟု ရိုက်ထည့်ပါ။ Backup လုပ်ဖို့ မမေ့နဲ့ဦးနော်။


၂။ HKEY_LOCAL_MACHIE\SYSTEM\CurrentControlSet\Services\Lanmanserver\Parameters ကို Click ပါ။


၃။ ညာဘက်ရှိ Box ထဲတွင် AutoShareWks file ကို ရှာပါ။ မတွေ့ခဲ့လျှင် လွတ်နေသော နေရာတွင် Right Click – New – DWORD value ကိုရွေးပါ။ New Value #1 ဆိုတဲ့ နေရာမှာ AutoShareWks ဟု ရေးပါ။


၎။ AutoShareWks file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် 0 ( zero ) ဆို Default Shares တွေကို Close တာ 1 ( one ) ဆို Default Shares တွေကို Open တာ၊ 0 (zero ) ပေးပြီး OK ပေးပါ။

၅။ Restart ပေးပြီး Windows ပြန်တက်သောအခါ Default Shares တွေကို ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မည်။

No comments: