ယခုတလော ကျွန်တော့် သူငယ်ချင်းတွေမှာ အဲဒီ ပြဿနာ တော်တော်လေး ဖြစ်နေတာကို တွေ့ရတယ်။ သူငယ်ချင်းတစ်ယောက်ဆိုလျှင် Windows အကြိမ်ကြိမ် ပြန်တင်တာတောင် မရတာကို တွေ့ခဲ့ရဘူးတယ်။ သူငယ်ချင်းတို့ ပတ်ဝန်းကျင်မှာ ဒီပြဿနာနဲ့ ကြုံတွေ့ရတဲ့သူ ရှိလာခဲ့လျှင် အလွယ်တကူ ဖြေရှင်းပေးနိုင်စေရန် ရည်ရွယ်၍ ရေးသားခြင်း ဖြစ်ပါသည်။
၁။ Start – Search – All files and folders – All or part of the file name: အောက်ရှိ Box တွင် wscript.exe ဟုရိုက်ပါ။ Look in: အောက်ရှိ Box တွင် Local Hard Drives [(C:;D:)] ရှိသလောက် ပေးပါ။ Search ကို Click ပါ။ ညာဘက်ရှိ Box တွင် wscript နှင့် ပတ်သက်သော files များ ပေါ်လာပါက Delete လုပ်ပါ။
၂။ Start – Run – cmd ဟု ရိုက်ထည့်ပါ။
၃။ Command Promt ထဲတွင် del c:\autorun.*/f/s/q/a ဟုရေးပြီး enter နှိပ်ပါ။ del d:\autorun.*/f/s/q/a ဟုရေးပြီး enter နှိပ်ပါ။ del e:\autorun.*/f/s/q/a ဟုရေးပြီး enter နှိပ်ပါ။ Local Hard Drives [(C:;D:E)] ရှိသလောက် ရေးရမည်။ USB Drive သည် G ဖြစ်ပါက del g:\autorun.*/f/s/q/a ဟုရေးပြီး enter နှိပ်ပါ။
၎။ Start - Run ကိုသွားပါ။ Run တွင် regedit ဟုရိုက်ထည့်ပါ။
၅။ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon အား Click လုပ်ပါ။ ညာဘက်ရှိ Box ထဲတွင် Userinit file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် C:\WINDOWS\system32\userinit.exe, ဟု ရေးသားထားတာ မှန် ၊ မမှန် စစ်ဆေးပြီး OK ပေးပါ။
၆။ Restart ပေးပြီး Windows ပြန်တက်သောအခါ ပုံမှန်အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
မှတ်ချက်။ ။Drives & USB အားလုံး လုပ်ဆောင်စရာ မလိုပါ။ Double Click လုပ်၍ မရသော Drives & USB ကိုသာ လုပ်ဆောင်ရမည် ဖြစ်ပါသည်။
No comments:
Post a Comment