မေတ္တာရပ်ခံချက်

ကျွန်တော် သိရှိနားလည်ထားသော အကြောင်းအရာများအား မသိသေးသော လူများအတွက် သိရှိနားလည်၍ အထောက်အကူ ဖြစ်စေရန်၊ သိရှိနားလည်ပြီးသော လူများအတွက် Revision ဖြစ်စေရန် ရည်ရွယ်၍ ရေးသား ဖော်ပြပေးခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ အရေးအသားထဲတွင် အမှားများပါပါက ပြင်ဆင်ဖတ်ရှု့ ပေးပါရန်နှင့် အမှားအား ထောက်ပြခြင်းများကို လုပ်ဆောင်ပေးပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။

Friday, May 2, 2008

Share ပေးလျှင် Limit ဖြင့် ပေးခြင်း

မိမိ Computer မှ Share ပေးထားသော Files များအား တိုက်ရိုက် ကြည့်ရှု့သော လူ မျးပြားလျှင် မိမိ Computer အသုံးပြုနေလျှင် စက်လေးခြင်းနှင့် ၊ ဟမ်းခြင်းများ ဖြစ်တတ်ပါသည်။ အဲဒီလိုမျိုး မဖြစ်ရလေအောင် Share ပေးလျှင် Limit ဖြင့် ပေးထားခြင်းအားဖြင့် အသုံးပြုရတာ အဆင်ပြေသွားမည် ဖြစ်ပါသည်။

၁။ Start – Run – control folders ဟု ရိုက်ပါ။

၂။ Folder Options Box မှ View ကို Click လုပ်ပါ။


၃။ Advanced settings: ဘေးမှ scroll bar ကို အောက်သို့ ဆွဲချပါ။ Use simple file sharing(Recommended) ဘေးရှိ Box ကို Check ( အမှန်ခြစ်ကို ဖြုတ်ပါ) ၍ Apply – OK ပေးပါ။


၎။ မိမိ Share ပေးချင်သော Folder ( e.g;New Folder ) အား Right Click – Sharing and Security … ကို Click လုပ်ပါ။

၅။ New Folder Properties Box အောက်ရှိ Share this folder ကို Check လုပ်ပါ။ User limit: ဘေးရှိ Allow this numbers of users: ကို Check လုပ်ပါ။ မိမိ Share ပေးချင်သော လူအရေအတွက်ကို (e.g;3) ထည့်ပြီး Apply – OK ပေးပါ။ အများဆုံး ( ၁၀ )ယောက်အထိ ပေးနိုင်ပါသည်။


မှတ်ချက်။ ။အထက်တွင် ဖော်ပြထားသောနည်းဖြင့် Share ပေးခြင်းကို Standard file sharing ဟုခေါ်ပါသည်။ Standard file sharing ဖြင့် Share ပေးထားသော Folder များကို Open လျှင် User name & Password တောင်းခြင်း ၊ Permission မရှိပါက “ Access denied ” ဖြစ်ခြင်းများကို ကြုံတွေ့ရပါလိမ့်မည်။

No comments: